You are here:Home သောတရှင်အစည်းအဝေး MAP Radio FM 102.5 MHz - yz
yz

yz

                                                                             

                                                               

                                                                            ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ မှာ မြန်မာနိုင်ငံမှတင်သွင်းလာသည့် တရားမ၀င်ကုန်ပစ္စည်း အမျိုးပေါင်း၁၂၀ ကို ဖမ်ဆီးခဲ့

မဲဆောက်မြို့ လည်ဈေးကြီးအတွင်းက ဖကျလန်ဈေးမှာ ရောင်းချနေတဲ့ကုန်တွေနဲ့ မဲတောင်ရပ်ကွက်အတွင်းက ကုန်လှောင်ရုံတစ်လုံးအတွင်းက မြန်မာကုန်တွေကို အကောက်အခွံ ဦးစီးအရာရှိ နိုင်ဝါလုပ် ယုထကန် ဦးဆောင်တဲ့ အကောက်အခွန် ၀န်ထမ်းတွေနဲ့  မဲဆောက်ရဲတပ်ဖွဲ့ ဝင်တွေဟာ နို်ဝင်ဘာလ ၁၅ရက်နေ့ ကစပြီး ဖမ်းဆီး ခဲ့တာဖြစ်ပါတယ်။

သိမ်းဆည်းလိုက်တဲ့ ဘတ်ငွေ နှစ်သန်းကျော်တန်ဘိုးရှိတဲ့ မြန်မာနိုင်ငံက ကုန်တွေဟာ တရားဝင် လမ်းကြောင်းကနေ တင်သွင်းလာတာမဟုတ်ပဲ အကောက်အခွန်အဆောင်၊ စစ်ဆေးထားခြင်းမရှိတဲ့ ကုန်ပစ္စည်းတွေလို့  ထိုင်းဖက်ကဆိုပါတယ်။

ထိုင်းအကောက်အခွန်ကသိမ်းဆည်း လိုက်တဲ့ ကုန်အမျိုးပေါင်း ၁၂၀ မှာ လယ်ယာထွက်ကုန် ပြောင်းဆန်၃၅ အိပ် ၊ ကြက်သွန်နီအိပ်ပေါင်း ၆၀၅ အိပ် ၊အလှကုန်၊ခြင်ဆေးခွေ၊ ဆေးဝါး
အပြင် စီးကရက်နဲ့ အရက်တွေပါဝင်တာတွေ့ ရပါတယ်။
ဒါ့အပြင် အဆိုပါကုန်တွေ ရဲ့  ပိုင်ရှင်တစ်ဦးကိုလည်း ဖမ်းဆီးထားပြီး အကောက်အခွန်ဆိုင်ရာ ဥပဒေ ၂၅၂ BE 2560 အရ အရေးယူသွားမှာဖြစ်ကြောင်းသိရပါတယ်။

လက်ရှိချမှတ်ထားတဲ့အစိုးရရဲ့  မုဝါဒနဲ့  ညွှန်ကြားချက်တွေကို လက်တွေ့ အကောင်အထည်ဖေါ်လုပ်ဆောင်နေတာပါ။
ထိုင်းနိုင်ငံအတွင်းကို တရားမ၀င် လမ်းကြောင်းတွေနဲ့  ၀င်လာပြီး နိုင်ငံတွင်းဖြန့် ချိနေတဲ့ မှောင်ခို ကုန်တွေကို ဆက်လက်စစ်ဆေးအရေးယူသွားမှာဖြစ်တယ်လို့  အကောက်အခွန်အရာရှိ ကပြောဆိုသွားပါတယ်။

Credit...Social Action for Children and Women - SAW

                                                                                     

 

အနည်းဆုံးအခကြေးငွေ ထုတ်ပြန်ပြီးနောက်ပိုင်း အနည်းဆုံးအခကြေးငွေပဲပေးပြီး တခြား ခံစားခွင့် ဖြတ်တောက်ထားတဲ့ စက်ရုံ ၉ ရုံရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီက ပြောပါတယ်။

ခံစားခွင့်ဖြတ်တောက်ထားတဲ့ စက်ရုံတွေကတော့ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နဲ့ မှော်ဘီမြို့နယ်တွေက စက်ရုံတွေ ဖြစ်ပါတယ်။

ဒီစက်ရုံတွေနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ စက်ရုံအလုပ်သမားတွေရဲ့ တိုင်ကြားချက်အရ ကော်မတီက နိုဝင်ဘာ ဒုတိယအပတ်မှာ ပထမဆုံး ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီက အလုပ်သမားကိုယ်စားလှယ် ဦးရဲဝင်းထွန်းက “အနည်းဆုံးအခကြေးငွေ ထုတ်ပြန်ပြီးနောက်ပိုင်း ဒါက ပထမဆုံး အစည်းအဝေးပါ။ အဓိက ကတော့ အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ပဲပေးပြီး အရင်က ပေးထားတဲ့ ခံစားခွင့်တွေ ဖြတ်တောက်ထားတဲ့ စက်ရုံ ၉ ရုံကို ကြားနာကြတာပါ” လို့  ပြောပါတယ်။

တိုင်ကြားခံထားရတဲ့ စက်ရုံ ၉ ရုံကို နိုဝင်ဘာ နောက်ဆုံးပတ်မှာ ဥပဒေနဲ့ ငြိစွန်းတာ ရှိမရှိကို ဆုံးဖြတ်ချက် ချသွားမယ်လို့  ကော်မတီက ဆိုပါတယ်။

အလုပ်ရှင်ရဲ့ ခြေပလွှာကို နိုဝင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး တောင်းခံထားတယ်။ ပြီးရင် ကော်မတီ အစည်းဝေး ထပ်ခေါ်ပြီး ဆုံးဖြတ်ချက်ချမယ်” လို့  ဦးရဲဝင်းထွန်းက ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ကို ၂၀၁၈ ခုနှစ် မတ်လက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အနည်းဆုံး အခကြေးငွေ ကျပ် ၃၆၀၀ ကို ၂၀၁၅ ဇူလိုင်လက ထုတ်ပြန်ကြေညာခဲ့တာပါ။Credit....http://burmese.dvb.no/archives/300384

                                                                         

 

ဖုန်းထဲ ညစ်ညမ်းဗွီဒီယိုဖိုင်ထည့်ထားသည့် မြန်မာအလုပ်သမား ၁ ဦး ထိုင်းတွင် အဖမ်းခံရ
-----------------------------------------------
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဟန်ဒုံးမြို့နယ်ထဲမှာ လက်ကိုင်ဖုန်းထဲ ညစ်ညမ်းဗွီဒီယိုဖိုင် ထည့်ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တဦး အဖမ်းခံရတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံက အင်တာနက်အသုံးပြုပြီး အသက် ၁၈ နှစ်အောက်ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာအခွင့်အရေး စော်ကားခံရမှု ကာကွယ်ရေးအဖွဲ့ (Thailand Internet Crimes Against Childern) ဟာ Cellebrite လို့ခေါ်တဲ့ တယ်လီဖုန်းအချက်အလက် စုံစမ်းရေး ခေတ်မီကိရိယာကို အသုံးပြုပြီး ကလေးနဲ့ လူငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်တရော်ပြုလုပ်ပုံ၊ ညစ်ညမ်းဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေ လိုက်လံထောက်လှမ်း ရှာဖွေနေပါတယ်။

အဲဒီလိုရှာဖွေရာမှာ VIVO တံဆိပ် 1724 အမျိုးအစား တယ်လီဖုန်းတလုံးဟာ ညစ်ညမ်းဗွီဒီယိုတွေ ဒေါင်းလုတ် လုပ်ထားကြောင်း သိရှိရတဲ့အတွက် ချင်းမိုင်ခရိုင် တရားရုံးခွင့်ပြုချက်နဲ့ ဖုန်းကိုင်ဆောင်သူကို နိုဝင်ဘာ ၁၃ ရက် မနက် ၁၀ နာရီက သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့က ရဲမှူး ချတ်မုံးခွန်း ဝဇီနမွန်းက သတင်းထောက်တွေကို ပြောပါတယ်။

စုံစမ်းထောက်လှမ်းချက်အရ အဲဒီဖုန်းပိုင်ရှင်ဟာ ဟန်ဒုံးမြို့နယ် ဟန်ကယောက် ရပ်ကွက်တွင်းရှိ အိမ်ယာတခုက လုံခြုံရေးအစောင့်ဝန်ထမ်းဖြစ်သူ အသက် ၂၁ နှစ်ရွယ် မြန်မာအလုပ်သမား စိုင်းယုမ့်ခေး ဆိုသူဖြစ်ကြောင်း သိရှိရတယ်လို့ ဆိုပါတယ်။

သူ့ရဲ့လက်ကိုင်ဖုန်းထဲမှာ ၁၈ နှစ်အောက် ကလေးသူငယ်များ မဖွယ်မရာ ဓာတ်ပုံနဲ့ ညစ်ညမ်း ဗွီဒီယိုဖိုင်တွေ တွေ့ရှိကြောင်း၊ တချို့ပုံတွေကိုလည်း စွန့်ပစ်ဖိုင်တွေထဲမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဖုန်းပိုင်ရှင်ကတော့ သူဟာ တဦးတည်းရှိနေချိန် အာသာဖြေလိုစိတ်နဲ့ အဲဒီဖိုင်တွေကို LINE အပလီကေးရှင်းကနေ ဒေါင်းလုတ်ဆွဲယူထားတာဖြစ်ပြီး ဥပဒေအရ တားမြစ်ထားတယ် ဆိုတာလည်း မသိဘူးလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေကတော့ သူ့ရဲ့လက်ကိုင်ဖုန်းနဲ့ ဖုန်းကတ် ၂ ခုကို သိမ်းဆည်းလိုက်ပြီး တည်ဆဲဥပဒေနဲ့ အရေးယူ ဒဏ်ပေးသွားမယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံရဲ့ ၂၀၁၅ ခုနှစ်က ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ ကွန်ပျူတာဥပဒေ ပုဒ်မ ၁/၁၇ အရ မည်သူမဆို အသက် ၁၈ နှစ်အောက် ကလေးများရဲ့ မဖွယ်မရာ (ကိုယ်လုံးတီး)၊ ညစ်ညမ်းဓာတ်ပုံနဲ့ ဗွီဒီယိုဖိုင်တွေကို မိမိအကျိုးစီးပွားအလို့ငှာ သိမ်းဆည်းထားတာ၊ တဆင့်ဖြန့်ဝေတာတွေ ပြုလုပ်တယ်ဆိုရင် ထောင်ဒဏ် ၅ နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၁ သိန်းအထိ ပြစ်ဒဏ်ကျခံရမယ်လို့ ဖော်ပြထားပါတယ်။

မူရင်း - ဒီဗွီဘီ http://burmese.dvb.no/archives/299924

                                                        

ထိုင်းမြန်မာနယ်စပ် ရနောင်းနဲ့ ကမ်ချနဘူရီခရိုင်တွေမှာလူမှောင်ခိုသမားများခေါ်လာတဲ့ မြန်မာနိုင်ငံသား ၅၈ယောက်ကို ထိုင်းအာဏာပိုင်တွေကနိုဝင်ဘာ၁၂ရက်နေ့ကဖမ်းဆီးခဲ့ပါတယ်။

မြန်မာနိုင်ငံ ကော့သောင်းမြို့ ကနေ စက်လှေနှစ်စင်းနဲ့  ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့ ကအထွက် စွတ်စန်ရန်ခရိုင်အတွင်းမှာအမှတ် ၂၅စစ်တပ် ရဲ့ စစ်ဆေးရေးဂိတ်ကနေ ဖမ်းဆီးခဲ့တာပါ ။

နိုဝင်ဘာလ ၁၂ ရက်နေ့ မှာပဲ ထိုင်းမြန်မာနယ်စပ် ကန်ချနဘူရီခရိုင် အတွင်းမှတရားမ၀င် မြန်မာနိုင်ငံသား ၂၀ ကို သယ်ဆောင်လာတဲ့ကားတစီးကို နယ်ခြားစောင့် တပ်ရင်းစစ်ဆေးဂိတ်ကဖမ်းဆီးခဲ့ပါတယ် ။ ထိုင်းနိုင်ငံသားလူမှောင်ခိုသမားတဦးကိုလည်းဖမ်းဆီးခဲ့ပါတယ် ။

မြန်မာနိုင်ငံသားတွေဟာ ထိုင်းမှာအဖမ်းဆီးတွေများနေတဲ့အတွက်ထိုင်းကိုကျော်ပြိး မလေးရှားနိုင်ငံထဲကို သွားကြဖို့ အတွက် လူပွဲစားတွေကို ဘတ်ငွေ ၂၀၀၀၀လောက် အထိပေးပြီး သွားနေကြတာပါ။

ပြိးခဲ့တဲ့ရက်ပိုင်းတွေတုန်းကတော့ လူပွဲစားတွေက ငွေယူပြီး ထိုင်းမလေးနယ်စပ်က ရာဘာတောတွေထဲမှာမြန်မာနိုင်ငံသားတွေကိုစွန့်ပစ်ထားခဲ့ပါတယ် ။ မကြာခနဆိုသလို လူပွဲစားတွေကစွန့် ပစ်ထားတဲ့အတွက်အစာရေစာပြတ်ပြီးဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဟာ ထိုင်းမလေးနယ်စပ်မှာတွေ့ ရှိရပါတယ် ။

မြန်မာနိုင်ငံသားတွေအနေနဲ့ အလုပ်အကိုင် ရှာဖွေဖို့အတွက်လာကြရင်းနဲ့အခုလို မျိုးလူကုန်ကူးသူတွေရဲ့ သားကောင်တွေဖြစ်ကြရပါတယ် ။

Credit   ပုံ- ထိုင်းစစ်တပ်..........SAW


Page 11 of 13

မက်(ပ်)သမိုင်းအကျဉ်း

  • မက်(ပ်) ရေဒီယို ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း

    ကျန်းမာရေးနှင့် ရွှေ့ပြောင်း အလုပ်သမား ဘဝကို လေ့လာသော အဖွဲ့အစည်း၏ လက်အောက်ခံတွင်တည်ရှိသောမက်(ပ်) ရေဒီယိုအသံလွှင့်ဌာန (MAP Radio) သည်ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝတိုးတက်ရေး၊ စားဝတ်နေရေး စသည်တို့ကို အားပေးကူညီနိုင်ရန် ရည်ရွယ်ပြီး ရေဒီယိုအသံလှိုင်း၌ အသံထုတ်လွှင့်ခဲ့သည်။

    ရွှေ့ပြောင်းအလုပ်သမားများသည် မိမိနိုင်ငံမှ ဒုက္ခ မျိုးစုံကြုံကံခဲ့ရပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်သမားဘဝအဖြစ်ခိုလှုံနေထိုင်ရာတွင်လည်း နေထိုင်ရန်နေရာ၊ အလုပ်သမားကဒ်ကိုင်ဆောင် သည့်ပြဿနာ၊ ထိုင်းနိုင်ငံ၏ ဥပဒေ၊ ကျန်းမာရေးပြဿနာ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင် ငံအတွင်းရှိ ဆေးရုံံ၌ ကုသနိုင်ရန် အခွင့်အရေး၊ ထိုင်းလူမှု အသိုင်းအဝိုင်းများနှင့် ဆက်ဆံရေး၊ နယ်မြေအုပ်ချုပ်သည့် ထိုင်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး စသည့် ပြဿနာများအတွက် ရေဒီယိုအသံလွှင့်ဌာနမှ အသိပညာပေးအစီအစဉ်ဖြင့် ကူညီပေးနိုင်ရန်အတွက် မက်(ပ်) ရေဒီယိုမှ တဆင့်ထုတ်လွှင့်ပေးပြီး၊ အိမ်တွင်းအလုပ်သမားများ ( အိမ်ဖော်) နှင့် မိမိကိုယ်တိုင် အခန်းဌားပြီး နေထိုင်သော အလုပ်သမားများအတွက် ကြုံတွေ့နေရသည့်အခက်အခဲများကိုလည်း ကူညီဖြေရှင်း ပေးသည်။

    ၁၉၉၆ ခုနှစ်တွင် မက်(ပ်) အဖွဲ့မှ ထိုင်းနိုင်ငံတွင် ထုတ်လွှင့်သော ရေဒီယိုအသံလွှင့်ဌာန AM ၁၄၇၆ MHz ၌ ဇာတ်လမ်းတိုများ၊ သတင်းများ၊ ဆောင်းပါးများ စသည့် ပညာပေးအစီအစဉ်များကို ရှမ်းဘာသာနှင့် ကရင်ဘာသာတို့ဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ထုတ်လွှင့်ခဲ့သည်။ ဤ AM ၁၄၇၆ MHz အသံလှိုင်းသည် ထိုင်းနိုင်ငံအတွင်းတွင်သာမက မြန်မာနိုင်ငံအတွင်းတွင်လည်းနား ဆင်နိုင်သည်။ ၂၀ဝ၃ ခုနှစ် ဧပြီလ အတွင်းတွင် ချင်းမိုင်၌ ပထမဆုံးတည်ထောင်သည့် ရေဒီယိုအသံ လွှင့်ဌာန FM ၉၃ MHz အားစန် ထန်တဖိတ်အူးထိုင်းဝန် ကန်ဂျမွန် ထိန်းချုပ်ပြီး ကျွန်ပတီပတ်ကန် လင်လူး ရေဒီယို ခုမ်ခွန်ဆိုင်စိမ်ဆန့် ခုမ်ခွန် အမည်ဖြင့် ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်းတွင် FM ၉၉ MHz အမည်ပြောင်းခဲ့သည်။

    ၂၀ဝ၄ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် မက်(ပ်) အဖွဲ့သည် ထိုင်းနိုင်ငံချင်းမိုင်တွင် ပထမဆုံးအ ဖြစ် FM ၉၉ MHz ရေဒီယိုအသံလှိုင်း၌ “စိန်ထိမ်ဟိန်းမိုင်”အမည်ဖြင့် အသိပညာပေး သတင်းများ၊ သီချင်းများ စသည့် အစီအစဉ်ဖြင့် တစ်ပတ်တွင် တစ်ရက် တစ်နာရီ အချိန်ဖြင့် ထုတ်လွှင့်ခဲ့သည်။ ဤသို့ခဲ့သောကြောင့် တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားများအတွက် သူငယ်ချင်းလိုခင်တွယ် လာခဲ့သလို အလုပ်သမားများကြုံတွေ့ရသည့် အခက်အခဲများကိုလည်း ရင်ဖွင့်ဖော်ဖြစ်လာခဲ့ရုံမက အသိပညာများဖလှယ်သည့် အသံလှိုင်း တစ်လှိုင်းလည်း ဖြစ်လာခဲ့သည်။

    ၂၀ဝ၈ ခုနှစ်ဧပြီလတွင် မက်(ပ်)အဖွဲ့သည် ရေဒီယိုအသံလွှင့်ဌာန FM ၉၉ MHz ၌ အချိန် ပြည့် အသံလွှင့်ခွင့်ရခဲ့သောကြောင့် အသံလွှင့်ရုံးကို ကျန်းမာရေးနှင့် ရွှေ့ပြောင်းအလုပ်သမားဘဝ လေ့လာသည့်ရုံးနှင့် နီးကပ်သည့်နေရာသို့ ပြောင်းရွှေ့လာသော်လည်း FM ၉၉ MHz ရေဒီယိုအ သံလှိုင်းဖြင့်သာဆက်လက်ထုတ်လွှင့်ပြီး အသံလွှင့်ဌာနကို မက်(ပ်) အသံလွှင့်ဌာန FM ၉၉ MHz ဟုခေါ်လာပြီး ၂၀ဝ၉ ခုနှစ်တွင်မက်(ပ်) ရုံးခွဲကိုမဲဆောက်òမိ့နယ်တွင် FM ၁၀၂.၅ MHz ဖြင့်ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာမြင့်စွာ နေထိုင်ပြီး စက်ချုပ်အလုပ်၊ စိုက်ပျိုးရေး အလုပ်များလုပ်ကိုင်သည့်ဒေသတွင် မက်(ပ်) ရေဒီယိုသည် ရွှေ့ပြောင်းအလုပ်သမားများ အတွက် အသိပညာပေးသည့်အသံလှိုင်းဖြစ်လာပြီးအလုပ်သမားများ လက်ခံပြီး နှစ်သက်နားထောင်သည့် အသံလှိုင်းဖြစ်လာသည်။

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border