ဥပဒေအကြောင်း သိကောင်းစရာများ

ဥပဒေအကြောင်း သိကောင်းစရာများ

ဥပဒေအကြောင်း သိကောင်းစရာများ (10)

ထိုင်းနိုင်ငံ ယာဥ်စည်းကမ်းထိန်းသိမ်းရေးဥပဒေ နှင့် ငွေဒဏ် ထိုင်းနိုင်ငံ ယာဥ်စည်းကမ်းထိန်းသိမ်းရေးဥပဒေ နှင့် ငွေဒဏ် Read more...

ထိုင်းနိုင်ငံ ယာဥ်စည်းကမ်းထိန်းသိမ်းရေးဥပဒေ နှင့် ငွေဒဏ်

  1. ယာဥ်မောင်းနှင်နေချိန် ယာဥ်မောင်းသူနှင့် ယာဥ်ထိုင်ခုံခါးပတ် အမြဲပတ်ထားရမည်။
  2. ယာဥ်နောက့်ပွင့်တွင် (၆) ဦး အထက် မထိုင်ရန် နှင့် ယာဥ်မောင်းနေချိန်တွင် နောက်ပိတ်တံခါးကို အမြဲပိတ်ရမည်။
  3. ယာဥ်ပေါ်တွင် လိုက်ပါစီးနှင်းသူ ရှိပါက ၁ နာရီကို ကီလိုမီတာ ၆၀ အထက် မမောင်းရန် နှင့် ယာဥ်ကို ဘယ်ဖက်အစွန်းနဲ့ကပ်ပြီး မောင်းရမည်။
  4. အသက် (၆) နှစ် မပြည့်သေးသောကလေး နှင့် အရပ် ၁၃၅ စင်တီမီတာအမြင့် မရှိသောသူ ယာဥ်နောက်ပွင့်တွင်မထိုင်ရ။
  5. ယာဥ်နောက်ခန်းတွင် ၃ ယောက်အထက်မထိုင်ရ။
  6. ယာဥ်နောက်ပွင့်တွင် လိုက်ပါစီးနှင်းသူများ မတ်တပ်ရပ်ခြင်းမပြုရ။
  7. ယာဥ်နောက်ပွင့်တွင် တယောက်နှင့်တယောက် ဆင့်မထိုင်ရန်နှင့် ယာဥ်အစွန်းဖြစ်သည့် နေရာတွင်လည်း ကပ်ပြီးမထိုင်ရ။

ထိုင်းနိုင်ငံ ယာဥ်စည်းကမ်းထိန်းသိမ်းရေးဥပဒေ နှင့် ငွေဒဏ်

သတ်မှတ်နှုန်းထက်အမြန်နှုန်းမြှင့်တင်မောင်းနှင်ခြင်း -

ငွေဒဏ် ဘတ် ၄၀၀၀

ယာဥ်မနားရ သတ်မှတ်နေရာများတွင် ရပ်နားခြင်း -

ငွေဒဏ် ဘတ် ၂၀၀၀

လမ်းပြောင်းပြန်မောင်းနှင်ခြင်း - 

ငွေဒဏ် ဘတ် ၂၀၀၀

အခြားသူများ၏ အသက် အိုးအိမ်အန္တရာယ်အား အလေးမထားပဲ မောင်းနှင်ခြင်း -

ထောင်ဒဏ် ၁ နှစ် / ငွေဒဏ် ဘတ် ၅၀၀၀ - ၂၀၀၀၀ / ပြစ်ဒဏ် နှစ်ရပ်စလုံး

မီးပွိုင့်နီနေစဥ် ဖြတ်သန်းမောင်းနှင်ခြင်း  -

ငွေဒဏ် ဘတ် ၄၀၀၀

ဆိုင်ကယ်မောင်းနေချိန်တွင်ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း - 

ငွေဒဏ် ဘတ် ၂၀၀၀

ယာဥ်ထိုင်ခုံခါးပတ် မပတ်ခြင်း  -  

ငွေဒဏ် ဘတ် ၂၀၀၀

လူကူးမျဥ်းကြားတွင် ယာဥ်မရပ်ပေးခြင်း - 

ငွေဒဏ် ဘတ် ၄၀၀၀

 

Supported by

မက်(ပ်)သမိုင်းအကျဉ်း

  • မက်(ပ်) ရေဒီယို ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း

    ကျန်းမာရေးနှင့် ရွှေ့ပြောင်း အလုပ်သမား ဘဝကို လေ့လာသော အဖွဲ့အစည်း၏ လက်အောက်ခံတွင်တည်ရှိသောမက်(ပ်) ရေဒီယိုအသံလွှင့်ဌာန (MAP Radio) သည်ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝတိုးတက်ရေး၊ စားဝတ်နေရေး စသည်တို့ကို အားပေးကူညီနိုင်ရန် ရည်ရွယ်ပြီး ရေဒီယိုအသံလှိုင်း၌ အသံထုတ်လွှင့်ခဲ့သည်။

    ရွှေ့ပြောင်းအလုပ်သမားများသည် မိမိနိုင်ငံမှ ဒုက္ခ မျိုးစုံကြုံကံခဲ့ရပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်သမားဘဝအဖြစ်ခိုလှုံနေထိုင်ရာတွင်လည်း နေထိုင်ရန်နေရာ၊ အလုပ်သမားကဒ်ကိုင်ဆောင် သည့်ပြဿနာ၊ ထိုင်းနိုင်ငံ၏ ဥပဒေ၊ ကျန်းမာရေးပြဿနာ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင် ငံအတွင်းရှိ ဆေးရုံံ၌ ကုသနိုင်ရန် အခွင့်အရေး၊ ထိုင်းလူမှု အသိုင်းအဝိုင်းများနှင့် ဆက်ဆံရေး၊ နယ်မြေအုပ်ချုပ်သည့် ထိုင်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး စသည့် ပြဿနာများအတွက် ရေဒီယိုအသံလွှင့်ဌာနမှ အသိပညာပေးအစီအစဉ်ဖြင့် ကူညီပေးနိုင်ရန်အတွက် မက်(ပ်) ရေဒီယိုမှ တဆင့်ထုတ်လွှင့်ပေးပြီး၊ အိမ်တွင်းအလုပ်သမားများ ( အိမ်ဖော်) နှင့် မိမိကိုယ်တိုင် အခန်းဌားပြီး နေထိုင်သော အလုပ်သမားများအတွက် ကြုံတွေ့နေရသည့်အခက်အခဲများကိုလည်း ကူညီဖြေရှင်း ပေးသည်။

    ၁၉၉၆ ခုနှစ်တွင် မက်(ပ်) အဖွဲ့မှ ထိုင်းနိုင်ငံတွင် ထုတ်လွှင့်သော ရေဒီယိုအသံလွှင့်ဌာန AM ၁၄၇၆ MHz ၌ ဇာတ်လမ်းတိုများ၊ သတင်းများ၊ ဆောင်းပါးများ စသည့် ပညာပေးအစီအစဉ်များကို ရှမ်းဘာသာနှင့် ကရင်ဘာသာတို့ဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ထုတ်လွှင့်ခဲ့သည်။ ဤ AM ၁၄၇၆ MHz အသံလှိုင်းသည် ထိုင်းနိုင်ငံအတွင်းတွင်သာမက မြန်မာနိုင်ငံအတွင်းတွင်လည်းနား ဆင်နိုင်သည်။ ၂၀ဝ၃ ခုနှစ် ဧပြီလ အတွင်းတွင် ချင်းမိုင်၌ ပထမဆုံးတည်ထောင်သည့် ရေဒီယိုအသံ လွှင့်ဌာန FM ၉၃ MHz အားစန် ထန်တဖိတ်အူးထိုင်းဝန် ကန်ဂျမွန် ထိန်းချုပ်ပြီး ကျွန်ပတီပတ်ကန် လင်လူး ရေဒီယို ခုမ်ခွန်ဆိုင်စိမ်ဆန့် ခုမ်ခွန် အမည်ဖြင့် ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်းတွင် FM ၉၉ MHz အမည်ပြောင်းခဲ့သည်။

    ၂၀ဝ၄ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် မက်(ပ်) အဖွဲ့သည် ထိုင်းနိုင်ငံချင်းမိုင်တွင် ပထမဆုံးအ ဖြစ် FM ၉၉ MHz ရေဒီယိုအသံလှိုင်း၌ “စိန်ထိမ်ဟိန်းမိုင်”အမည်ဖြင့် အသိပညာပေး သတင်းများ၊ သီချင်းများ စသည့် အစီအစဉ်ဖြင့် တစ်ပတ်တွင် တစ်ရက် တစ်နာရီ အချိန်ဖြင့် ထုတ်လွှင့်ခဲ့သည်။ ဤသို့ခဲ့သောကြောင့် တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားများအတွက် သူငယ်ချင်းလိုခင်တွယ် လာခဲ့သလို အလုပ်သမားများကြုံတွေ့ရသည့် အခက်အခဲများကိုလည်း ရင်ဖွင့်ဖော်ဖြစ်လာခဲ့ရုံမက အသိပညာများဖလှယ်သည့် အသံလှိုင်း တစ်လှိုင်းလည်း ဖြစ်လာခဲ့သည်။

    ၂၀ဝ၈ ခုနှစ်ဧပြီလတွင် မက်(ပ်)အဖွဲ့သည် ရေဒီယိုအသံလွှင့်ဌာန FM ၉၉ MHz ၌ အချိန် ပြည့် အသံလွှင့်ခွင့်ရခဲ့သောကြောင့် အသံလွှင့်ရုံးကို ကျန်းမာရေးနှင့် ရွှေ့ပြောင်းအလုပ်သမားဘဝ လေ့လာသည့်ရုံးနှင့် နီးကပ်သည့်နေရာသို့ ပြောင်းရွှေ့လာသော်လည်း FM ၉၉ MHz ရေဒီယိုအ သံလှိုင်းဖြင့်သာဆက်လက်ထုတ်လွှင့်ပြီး အသံလွှင့်ဌာနကို မက်(ပ်) အသံလွှင့်ဌာန FM ၉၉ MHz ဟုခေါ်လာပြီး ၂၀ဝ၉ ခုနှစ်တွင်မက်(ပ်) ရုံးခွဲကိုမဲဆောက်òမိ့နယ်တွင် FM ၁၀၂.၅ MHz ဖြင့်ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာမြင့်စွာ နေထိုင်ပြီး စက်ချုပ်အလုပ်၊ စိုက်ပျိုးရေး အလုပ်များလုပ်ကိုင်သည့်ဒေသတွင် မက်(ပ်) ရေဒီယိုသည် ရွှေ့ပြောင်းအလုပ်သမားများ အတွက် အသိပညာပေးသည့်အသံလှိုင်းဖြစ်လာပြီးအလုပ်သမားများ လက်ခံပြီး နှစ်သက်နားထောင်သည့် အသံလှိုင်းဖြစ်လာသည်။

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border