Rate this item
(0 votes)

90 Days Report ( ရက် ၉၀ တိုင်ကြားခြင်း )

ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေ 2522 အရ ထိုင်းနိုင်ငံတွင် ရက်ပေါင်း 90 ထက် နေထိုင်ခွင့်ပြုထားသော နိုင်ငံခြားသားများ သို့မဟုတ် ရွှေ့ပြောင်းအလုပ်သမားများသည် ရက်ပေါင်း 90 တိုင်း ထိုင်းအာဏာပိုင်များထံသို့ 90 Days Report ( ရက် ၉၀ တိုင်ကြားခြင်း ) ပြုလုပ်ရမည်။
သင်ကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်တစ်ဦးထံ လွှဲအပ် လုပ်ဆောင်နိုင်သည်။
ရက် 90မတိုင်မီ 15 ရက် သို့မဟုတ် 7 ရက်အကြာတွင် ပြုလုပ်တိုင်ကြားနိုင်သည်။

သတ်မှတ်ရက်ထက် နောက်ကျပါက ဒဏ်ငွေ 2,000 ဘတ် ပေးဆောင်ရမည်။

 

ပြင်ဆင်ရန်လိုအပ်သောစာရွက်စာတမ်းများ

(၁) စာရွက်စာတမ်း ( အလုပ်သမား )

- နိုင်ငံကူးလက်မှတ်မိတ္တူ
- Visa စာမျက်နှာ မိတ္တူ
- Arrival Card မိတ္တူ။
- အိမ်လိပ်စာ မိတ္တူ
- အလုပ်လုပ်ကိုင်ခွင့်လက်မှတ်စာမျက်နှာ မိတ္တူ

(၂) အလုပ်ရှင်ထံမှ စာရွက်စာတမ်း

- အလုပ်ရှင် မှတ်ပုံတင် (ID) မိတ္တူ
- အလုပ်ရှင် အိမ်ထောင်စုစာရင်း မိတ္တူ
- စက်ရုံ သို့မဟုတ် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီခွင့် စာရွက်စာတမ်းပါရမည်။ 

(၃) ပုံစံ (TM. 47) ကိုဖြည့်ပါ။

- အမည်အပြည့်အစုံ
- နိုင်ငံသား
- ထိုင်းနိုင်ငံသို့ ဝင်ရောက်သည့်နေ့
- Passport နံပါတ်
- Arrival Card ဂဏန်း ၆ လုံး
- လိပ်စာ
- ထိုင်းနိုင်ငံသို့ ရောက်ရှိလာပုံ (ကား၊ ဘတ်စ်ကား၊ လေယာဉ်)
- ဖုန်းနံပါတ်
- လက်မှတ် (Sign)

 

Read 26 times Last modified on Wednesday, 06 November 2024 07:32

မက်(ပ်)သမိုင်းအကျဉ်း

  • Thailand's only Burmese and Shan language radio, broadcasting out of Chiang Mai and Mae Sot

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border