- အလုပ်သမားတိုင်း နေမကောင်းသည့်အခါ နားခွင့်ရှိသည်။ ၃ ရက်နှင့်အထက်နေမကောင်းလျှင် ဆေးရုံထောက်ခံစာပြရမည်။ အကယ်၍ ဆေးထောက်ခံစာမရှိလျှင် ခိုင်လုံသည့်အချက်အလက်များရှင်းပြနိုင်ရမည်။ ဥပမာ - လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရခြင်း။
- အလုပ်သမားတိုင်း အရေးကြီးသည့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များလုပ်ဆောင်နိုင်ရန် အတွက် တစ်နှစ်မှာ ၃ ရက်ခွင့်ယူနိုင်သည်။
- ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားတိုင်း မီးဖွားခွင့်ရက်ပေါင်း ၉၈ ခံစားပိုင်ခွင့်ရှိသည်။ (အဖေက ၃၀ ရက်နားခွင့်ရှိသည်)
- အလုပ်သမားတိုင်း မိမိအသိပညာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တမ်းများ သွားရောက်သင်ယူလေ့လာခွင့်ရှိသည်။ သို့သော် အလုပ်ရှင်ထံ (၇) ရက်ကြိုတင်ခွင့်တောင်းခံရမည်။