in Agenda

                            

                                                MOU အရေးနှင့်ပတ်သက်သည့် ထိုင်းအစိုးရ ထုတ်ပြန်ချက်

၁။ ၂၀၁၉ ခုနှစ် မှ ၂၀၂၀ ခုနှစ်အထိအကျုံးဝင်သည်။

 

၂။ ထိုင်းရောက် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားလုပ်သားများအား အောက်ပါစည်းကမ်းသတ်မှတ်ချက်နှင့်အညီအကျုံးဝင်စေသည်။

 

၂.၁။  အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဝေါ့ပါမစ်) သက်တမ်းရှိရမည်။

 

၂.၂။  နိုင်ငံကူးလက်မှတ် (ပတ်စပို့) သည် လျှောက်ထားသည့်နေ့ရက်တွင် သက်တမ်းရှိရမည်။

 

၂.၃။  ထိုင်းနိုင်ငံဘက်ရှိလုပ်ငန်းစဉ်များ

 

၂.၄။  ဝေါ့ပါမစ်သက်တမ်းမကုန်ဆုံးမီ သက်တမ်းတိုးခြင်းလျှောက်ထားရမည်။

 

  ၂.၅။ ဝေါ့ပါမစ်သက်တမ်းကို (၂) နှစ်သက်တမ်းတိုးခွင့်ပြုထားပြီး နေထိုင်ခွင့် (ဗီဇာ) ကိုတစ်ကြိမ်လျှင် (၁)  နှစ်သာသက်တမ်းတိုးခွင့်ပြုသည်။

 

    ၂.၆။  ၃၁-၃-၂၀၂၀ ရက်နေ့မတိုင်မီ ဝေါ့ပါမစ်သက်တမ်းကုန်ဆုံးသူများကို  ၃၀-၉-၂၀၂၁ ရက်နေ့အထိတပြေးညီ ဝေါ့ပါမစ်သက်တမ်းတိုးပေးမည်။

 

   ၂.၇။  ၃၁-၃-၂၀၂၀  မှ  ၃၀-၆-၂၀၂၀ ရက်နေ့အတွင်း ဝေါ့ပါမစ်သက်တမ်းကုန်ဆုံးသည့်သူများကို ၃၁-၃-၂၀၂၂ ရက်နေ့အထိ တပြေးညီသက်တမ်းတိုးပေးမည်။

၂.၈။  ဝေါ့ပါမစ်သက်တမ်းကုန်ဆုံးပြီဖြစ်သည့် ၃၀-၉-၂၀၂၁ ရက်နေ့ နှင့် ၃၁-၃- ၂၀၂၂ ရက်နေ့ နောက်ပိုင်းတွင် ဆက်လက်အလုပ်လုပ်ကိုင်လိုသည့်လုပ်သားသည် MOU စနစ်ဖြင့်ခေါ်ယူခြင်းသာဖြစ်ရမည်။

 

၂.၉။  ၁၉-၈-၂၀၁၉ ရက်နေ့မှ ၃၁-၃-၂၀၂၀ ရက်နေ့အထိ ဝေါ့ပါမစ်သက်တမ်းတိုးခြင်းလျှောက်ထားနိုင်သည်။

 

 ၂.၁၀။  သက်ဆိုင်ရာအစိုးရဌာနများသည် ၃၀-၆-၂၀၂၀ ရက်နေ့တွင်အပြီးသတ်လုပ်ဆောင်ရမည်။

 

 ၂.၁၁။ လုပ်ငန်းစဉ်နှင့်လုပ်ထုံးလုပ်နည်းများကို MOU စနစ်ဖြင့်ခေါ်ယူသည့်ပုံစံအတိုင်းဆောင်ရွက်စေပြီး တာဝန်ရှိသူမှ လျော်ညီသလိုညှိုနှိုင်းဆောင်ရွက်နိုင်သည်။

 

၂.၁၂။ အလုပ်ရှင်နှင့် ထိုင်းနိုင်ငံသို့လုပ်သားခေါ်ယူခွင့်ရကုမ္ပဏီကသာ ဆောင်ရွက်ခွင့်ရှိသည်။

 

၂.၁၃။  တင်ပြရမည့်အထောက်အထားများမှာ လုပ်သားအမည်စာရင်း (Name List)၊ အလုပ်ခန့်စာချုပ်၊ ပတ်စပို့စာအုပ်မိတ္တူ သို့မဟုတ်(ကိုယ်စားတစ်ခုခု)၊ ဝေါ့ပါမစ်မိတ္တူ သို့မဟုတ် (ကိုယ်စားတစ်ခုခု)၊ပါရှိရမည်။

Credit......https://www.myanmarlivenews.com

မက်(ပ်)သမိုင်းအကျဉ်း

  • မက်(ပ်) ရေဒီယို ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း

    ကျန်းမာရေးနှင့် ရွှေ့ပြောင်း အလုပ်သမား ဘဝကို လေ့လာသော အဖွဲ့အစည်း၏ လက်အောက်ခံတွင်တည်ရှိသောမက်(ပ်) ရေဒီယိုအသံလွှင့်ဌာန (MAP Radio) သည်ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘဝတိုးတက်ရေး၊ စားဝတ်နေရေး စသည်တို့ကို အားပေးကူညီနိုင်ရန် ရည်ရွယ်ပြီး ရေဒီယိုအသံလှိုင်း၌ အသံထုတ်လွှင့်ခဲ့သည်။

    ရွှေ့ပြောင်းအလုပ်သမားများသည် မိမိနိုင်ငံမှ ဒုက္ခ မျိုးစုံကြုံကံခဲ့ရပြီး ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း အလုပ်သမားဘဝအဖြစ်ခိုလှုံနေထိုင်ရာတွင်လည်း နေထိုင်ရန်နေရာ၊ အလုပ်သမားကဒ်ကိုင်ဆောင် သည့်ပြဿနာ၊ ထိုင်းနိုင်ငံ၏ ဥပဒေ၊ ကျန်းမာရေးပြဿနာ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင် ငံအတွင်းရှိ ဆေးရုံံ၌ ကုသနိုင်ရန် အခွင့်အရေး၊ ထိုင်းလူမှု အသိုင်းအဝိုင်းများနှင့် ဆက်ဆံရေး၊ နယ်မြေအုပ်ချုပ်သည့် ထိုင်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်ဆံရေး စသည့် ပြဿနာများအတွက် ရေဒီယိုအသံလွှင့်ဌာနမှ အသိပညာပေးအစီအစဉ်ဖြင့် ကူညီပေးနိုင်ရန်အတွက် မက်(ပ်) ရေဒီယိုမှ တဆင့်ထုတ်လွှင့်ပေးပြီး၊ အိမ်တွင်းအလုပ်သမားများ ( အိမ်ဖော်) နှင့် မိမိကိုယ်တိုင် အခန်းဌားပြီး နေထိုင်သော အလုပ်သမားများအတွက် ကြုံတွေ့နေရသည့်အခက်အခဲများကိုလည်း ကူညီဖြေရှင်း ပေးသည်။

    ၁၉၉၆ ခုနှစ်တွင် မက်(ပ်) အဖွဲ့မှ ထိုင်းနိုင်ငံတွင် ထုတ်လွှင့်သော ရေဒီယိုအသံလွှင့်ဌာန AM ၁၄၇၆ MHz ၌ ဇာတ်လမ်းတိုများ၊ သတင်းများ၊ ဆောင်းပါးများ စသည့် ပညာပေးအစီအစဉ်များကို ရှမ်းဘာသာနှင့် ကရင်ဘာသာတို့ဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ထုတ်လွှင့်ခဲ့သည်။ ဤ AM ၁၄၇၆ MHz အသံလှိုင်းသည် ထိုင်းနိုင်ငံအတွင်းတွင်သာမက မြန်မာနိုင်ငံအတွင်းတွင်လည်းနား ဆင်နိုင်သည်။ ၂၀ဝ၃ ခုနှစ် ဧပြီလ အတွင်းတွင် ချင်းမိုင်၌ ပထမဆုံးတည်ထောင်သည့် ရေဒီယိုအသံ လွှင့်ဌာန FM ၉၃ MHz အားစန် ထန်တဖိတ်အူးထိုင်းဝန် ကန်ဂျမွန် ထိန်းချုပ်ပြီး ကျွန်ပတီပတ်ကန် လင်လူး ရေဒီယို ခုမ်ခွန်ဆိုင်စိမ်ဆန့် ခုမ်ခွန် အမည်ဖြင့် ထုတ်လွှင့်ခဲ့ပြီးနောက်ပိုင်းတွင် FM ၉၉ MHz အမည်ပြောင်းခဲ့သည်။

    ၂၀ဝ၄ ခုနှစ်တွင် ဖေဖော်ဝါရီလတွင် မက်(ပ်) အဖွဲ့သည် ထိုင်းနိုင်ငံချင်းမိုင်တွင် ပထမဆုံးအ ဖြစ် FM ၉၉ MHz ရေဒီယိုအသံလှိုင်း၌ “စိန်ထိမ်ဟိန်းမိုင်”အမည်ဖြင့် အသိပညာပေး သတင်းများ၊ သီချင်းများ စသည့် အစီအစဉ်ဖြင့် တစ်ပတ်တွင် တစ်ရက် တစ်နာရီ အချိန်ဖြင့် ထုတ်လွှင့်ခဲ့သည်။ ဤသို့ခဲ့သောကြောင့် တိုင်းရင်းသား ရွှေ့ပြောင်းအလုပ်သမားများအတွက် သူငယ်ချင်းလိုခင်တွယ် လာခဲ့သလို အလုပ်သမားများကြုံတွေ့ရသည့် အခက်အခဲများကိုလည်း ရင်ဖွင့်ဖော်ဖြစ်လာခဲ့ရုံမက အသိပညာများဖလှယ်သည့် အသံလှိုင်း တစ်လှိုင်းလည်း ဖြစ်လာခဲ့သည်။

    ၂၀ဝ၈ ခုနှစ်ဧပြီလတွင် မက်(ပ်)အဖွဲ့သည် ရေဒီယိုအသံလွှင့်ဌာန FM ၉၉ MHz ၌ အချိန် ပြည့် အသံလွှင့်ခွင့်ရခဲ့သောကြောင့် အသံလွှင့်ရုံးကို ကျန်းမာရေးနှင့် ရွှေ့ပြောင်းအလုပ်သမားဘဝ လေ့လာသည့်ရုံးနှင့် နီးကပ်သည့်နေရာသို့ ပြောင်းရွှေ့လာသော်လည်း FM ၉၉ MHz ရေဒီယိုအ သံလှိုင်းဖြင့်သာဆက်လက်ထုတ်လွှင့်ပြီး အသံလွှင့်ဌာနကို မက်(ပ်) အသံလွှင့်ဌာန FM ၉၉ MHz ဟုခေါ်လာပြီး ၂၀ဝ၉ ခုနှစ်တွင်မက်(ပ်) ရုံးခွဲကိုမဲဆောက်òမိ့နယ်တွင် FM ၁၀၂.၅ MHz ဖြင့်ရွှေ့ပြောင်းအလုပ်သမားများ အချိန်ကြာမြင့်စွာ နေထိုင်ပြီး စက်ချုပ်အလုပ်၊ စိုက်ပျိုးရေး အလုပ်များလုပ်ကိုင်သည့်ဒေသတွင် မက်(ပ်) ရေဒီယိုသည် ရွှေ့ပြောင်းအလုပ်သမားများ အတွက် အသိပညာပေးသည့်အသံလှိုင်းဖြစ်လာပြီးအလုပ်သမားများ လက်ခံပြီး နှစ်သက်နားထောင်သည့် အသံလှိုင်းဖြစ်လာသည်။

ထောက်ပံ့သူများ

 

 

 

ဆက်သွယ်ရန်

Adress : No. 1/5, Amina Uthit Road, Mae Sot, Tak 63110 Mae Sot,
055-536-381
This email address is being protected from spambots. You need JavaScript enabled to view it.
www.mapradio.org

နယ်စည်းမခြားဒို့အသံများ

  • Voices without border